Creating Bootable Drive

ကိုယ်တင်ချင်တဲ့ Windows file ကို download (သို့) file ရှိရပါမယ်။ Windows DVD ထဲကနေ ကူးယူလို့လည်းရပါတယ်။ Windows file က Image type ဖြစ်ရပါမယ်။ Image type ကို ရဘို့အတွက် copier software တစ်ခုခု သုံးနိုင်ပါတယ်။ ဥပမာ- Ultra ISO software-

Windows 7 Files Image

Windows image ရှိပြီဆိုရင် memory stick ကို bootable drive ဖြစ်အောင် software တစ်ခုနဲ့ format ချရပါမယ်။ Software ကို အောက်မှာဒေါင်းလုတ်ဆွဲပါ။

Download ဆွဲပြီး၊ software ကိုမဖွင့်ခင် memory stick/ pen drive ကို ကွန်ပျူတာမှာ တင်ဆင်ထားပါ။ Memory stick ကအနည်းဆုံး Size 8 GB ရှိရပါမယ်။ Software ကိုဖွင့်ပြီး memory stick ကိုရွေးပါ။ Windows image file ကိုရွေးပြီး format ကိုရွေးပါ။ Format ချပြီးတာနဲ့ software က Windows files တွေကိုကူးပေးသွားမှာဖြစ်ပါတယ်။ ပြီးရင် memory stick က Windows တင်လို့ရပါပြီ။

Tags:
Category:

Leave a Reply

Your email address will not be published. Required fields are marked *