Passive and Active Noise Cancellation အလုပ်လုပ်ပုံနှင့် ကွာခြားချက်များ

မိုက်နှင့် နားကြပ်များပုံ

ကျွန်တော်တို့အသုံးပြုလျှက်ရှိသော ဖုန်း၊ နားကြပ်နှင့် digital assistants များဖြစ်သည့် Google Assistant နှင့် Siri
တို့တွင် Noise Cancellation သို့မဟုတ် ဆူညံသံလျှော့ချချင်းနီးပညာကို အသုံးပြုလျှက်ရှိသည်။

Passive Noise Cancellation

Passive Noise Cancellation အလုပ်လုပ်ပုံမှာ အလွန်ပင်နားလယ်ရလွယ်ကူသည်။
ဥပမာ- နားကြပ်ဖြင့်ကျွန်တော်တို့သီချင်းနားထောင်သောအခါ ပြင်ပအသံများနားထဲသို့မဝင်လာနိုင်ရန် နားကြပ်တစ်ဖက်စီ၏ထိပ်တွင် ရာဘာခေါင်းများစွပ်ထားချင်းဖြစ်သည်။
ပိုမိုပြည့်စုံအောင်ပြောရလျှင် အရာဝတ္ထုပစ္စည်းများသုံးပြီး ပြင်ပအသံမကြားအောင် ပြုလုပ်ချင်းဖြစ်သည်။

Active Noise Cancellation

Active Noise Cancellation အလုပ်လုပ်ပုံမှာ
mic မိုက်ခရိုဖုန်းကိုအသုံးပြုပြီး ပြင်ပအသံများကို မကြားရအောင်ပြုလုပ်ချင်းဖြစ်သည်။ အခြေခံအလုပ်လုပ်ပုံမှာ ပြင်ပအသံများကို mic ဖြင့်ဖမ်းယူပြီး နားဖြင့်မကြားနိုင်သော audio frequency ကိုပြောင်းလွှဲပေးချင်းဖြစ်သည်။
ဥပမာ- သင်ဆူညံသည့်နေရာမှ ဖုန်းပြောသောအခါ တစ်ဖက်လူသည် သင့်အသံသီးသန့်ကို ကြားခြင်းဖြစ်သည်။

မှတ်ချက်။ ဖုန်းတိုင်းတွင် Active Noise Cancellation မပါဝင်ပါ။
ဈေးကြီးပေးရသောအချို့နားကြပ်များတွင် Passive နဲ့ Active Noise Cancellation နှစ်ခုစလုံးပါဝင်သည်ကိုတွေ့ရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *