Myanmar TTS Windows version အား Cortana အသံဖြင့်အသုံးပြနည်း လမ်းညွန်

Cortana Creative Image

Cortana logo နှင့် စက်ရုပ်အမျိုးသမီးမျက်နှာပုံ

 

Windows အတွက်ထုတ်ထားတဲ့ Myanmar TTS (NHMTTS) မှာ English အသံထွက်ပိုင်းအတွက် အသံထွက်ပိုမို ရှင်းလင်းပြီး သွက်သွက်လက်လက် အသုံးပြုနိုင်တဲ့ Microsoft Cortana ကို Microsoft Speech API 5(SAPI5) မှာထည့်သွင်းအသုံးပြုနိုင်ပါပြီ။

Windows 10, 64-bit version မှာဘဲ ကောင်းမွန်စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ထည့်သွင်းအသုံးပြုဘို့အတွက် အောက်ကနည်းလမ်းအတိုင်းလုပ်ဆောင်ပါ။

၁။ Microsoft Cortana အသံအား ဤလင့်မှ download ဆွဲပါ။ Download Microsoft Cortana for Sapi5

၂။ Download ဆွဲထားသော zip ဖိုင်အားဖြည်ပြီး၊ ပါလာသော file နှစ်စလုံးအား install လုပ်ပါ။

၃။ NHMTTS voice configuration dialog ကို Windows Start Menu မှဖွင့်ပြီး Non-Burmese Voice မှာ Cortana အား ရွေးချယ်ကာ စတင်အသုံးပြုနိုင်ပါပြီ။

 

Leave a Reply

Your email address will not be published. Required fields are marked *