Myanmar Currency Converter

မြန်မာငွေကြေးနဲ့ အခြားငွေကြေးများစွာကို နူန်းထားများပြောင်းလဲပေးနိုင်မဲ့ software လေးဖြစ်ပါတယ်။ MATRD team ရဲ့ Andriod Development Team Leader ကိုသက်ပိုင်ဦးရေးထားတဲ့ software လေးဖြစ်ပါတယ်။

Myanmar Currency Converter Screenshot

MATRD Currency Converter အားအောက်ကလင့်တွင် ဒေါင်းလုတ်ရယူပါ။

Tags:

Myanmar Unicode

မြန်မာယူနီကုဒ်ကိုအသုံးပြုဘို့အတွက် ဖောင့်နဲ့ ကီးဘုတ်ကိုထည့်ပေးရပါမယ်။ Windows 7 မှာတော့ ဖောင့်နဲ့ ကီးဘုတ်နှစ်ခုစလုံးထည့်းပေးရမှာဖြစ်ပြီးတော့ Windows 10 မှာတော့ ဖောင့်ရော ကီးဘုတ်ပါ Windows စတင်ထည့်သွင်းကတည်းက ပါရှိပါတယ်။ Windows 10 setting မှာသွားရောက်ချိန်ညှိပြီးတော့ အသုံးပြုနိုင်ပါတယ်။

Myanmar Unicode အား Windows 7 တွင်အသုံးပြုရန်

Unicode Font ကို double click install သို့ Windows ရဲ့ Font folder ထည်မှာ paste လုပ်ပြီးထည့်သွင်းလို့လည်းရပါတယ်။

Windows 7 Font Folder Location Image

Location အရပြောမယ်ဆိုရင် Computer>C:>Windows>Fonts မှာဖြစ်ပါတယ်။ Location နဲ့ပတ်သက်ပြီး အခက်အခဲရှိရင် Start Menu မှာ click နိပ်ပြီး, ရှာရန်မှာ “Fonts” ဆိုတာရေးထည့်ပြီး ဖွင့်နိုင်ပါတယ်။

Windows 7 Start Menu Image

Download Myanmar Unicode Fonts below-

Download Keymagic Keyboard below-

Tags:

Creating Bootable Drive

ကိုယ်တင်ချင်တဲ့ Windows file ကို download (သို့) file ရှိရပါမယ်။ Windows DVD ထဲကနေ ကူးယူလို့လည်းရပါတယ်။ Windows file က Image type ဖြစ်ရပါမယ်။ Image type ကို ရဘို့အတွက် copier software တစ်ခုခု သုံးနိုင်ပါတယ်။ ဥပမာ- Ultra ISO software-

Windows 7 Files Image

Windows image ရှိပြီဆိုရင် memory stick ကို bootable drive ဖြစ်အောင် software တစ်ခုနဲ့ format ချရပါမယ်။ Software ကို အောက်မှာဒေါင်းလုတ်ဆွဲပါ။

Download ဆွဲပြီး၊ software ကိုမဖွင့်ခင် memory stick/ pen drive ကို ကွန်ပျူတာမှာ တင်ဆင်ထားပါ။ Memory stick ကအနည်းဆုံး Size 8 GB ရှိရပါမယ်။ Software ကိုဖွင့်ပြီး memory stick ကိုရွေးပါ။ Windows image file ကိုရွေးပြီး format ကိုရွေးပါ။ Format ချပြီးတာနဲ့ software က Windows files တွေကိုကူးပေးသွားမှာဖြစ်ပါတယ်။ ပြီးရင် memory stick က Windows တင်လို့ရပါပြီ။

Tags:
Category: