Myanmar Text To Speech Engine

မြန်မာစာအသံထွက်စနစ် (Myanmar Text To Speech Engine) သည် အထူးသဖြင့် မျက်မမြင်များ Windows Computer ပေါ်တွင် မြန်မာစာအား ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဖတ်နိုင်ရုံသာမက Computer ၏ မည့်သည့်နေရာတွင်မဆို မြန်မာစာဖြင့် ဖေါ်ပြထားသောအချက်အလက်များကို ဖတ်နိုင်ရန် ရည်ရွယ်၍ ထုတ်လုပ်ထားခြင်းဖြစ်သည်။

ဤ Myanmar TTS တွင် မြန်မာစာများအား အသံထွက်စနစ်ဖြင့် ရေးနိုင်၊ ဖတ်နိုင်ပြီး စာများကိုလည်း အသံဖိုင်အဖြစ်ပြောင်းလဲ ထုတ်လုပ်ပေးနိုင်ပါသည်။ ဤစနစ်အား မြန်မာယူနီကုတ်ကို အခြေခံ၍ တည်ဆောက်ထားခြင်းကြောင့် မြန်မာစာများအား စနစ်တကျ ရေးနိုင် ဖတ်နိုင်မည်ဖြစ်ပါသည်။

ဤ  TTS သည် Screen Reader များနှင့်သာမက အခြား Third Party များဖြစ်သည့်  Natural TTS Reader များဖြင့်လည်း အသုံးပြုနိုင်ပါသည်။

မျက်မမြင်များ ဤ Myanmar TTS အား Windows ပေါ်တွင် အသုံးပြုလိုပါက Screen Reader တစ်ခုခုဖြင့် တွဲဖက်အသုံးပြုရမည်ဖြစ်ပါသည်။ Screen Reader အကြောင်းကိုသိရှိလိုပါက ဤလင့်တွင်ဝင်ရောက်ပါ။

မြန်မာစာအသံထွက်စနစ် (Myanmar TTS) အား ကွန်ပျူတာတွင် ထည့်သွင်းခြင်း၊ Screen Reader များနှင့် ချိတ်ဆက်အသုံးပြုခြင်းစသည့် အကြောင်းအရာများအားသိရှိလိုပါက အောက်တွင်ရှိသော လင့်များတွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

Myanmar Text To Speech Engine

Myanmar TTS နှင့်ဆိုင်သောအချက်အလက်များဖတ်ရှု့ရန်၊ အသုံးပြုနည်းလမ်းညွန်များဖတ်ရှုရန်နှင့် Myanmar TTS နှင့်ပတ်သက်၍ လိုအပ်သောဖိုင်များအားရယူရန်

Documentation

Myanmar TTS နှင့် ပတ်သက်သော အချက်အလက်များအားဖတ်ရှုရန်

Download

Myanmar TTS နှင့် လိုအပ်သောဖိုင်များအား ဒေါင်းလုတ်ဆွဲရန်

User Guide

Myanmar TTS ထည့်သွင်းခြင်းနှင့် အသုံးပြုနည်း လမ်းညွန်အားဖတ်ရှု့ရန်